ခွေးကိုက်ခံရတဲ့သူအတွက်ကတော့ ကိုက်ခံရတဲ့ နေ့ကနေ ချက်ချင်း သို့မဟုတ် ၁ရက် ၂ရက်အတွင်း ထိုးနိုင်ရင် ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်ပါတယ်။ ရက်ကြာသွားရင်တောင် ထိုးကို ထိုးရပါမယ်။
ဒါ့အပြင် ခွေးကိုက်ခံထားရတဲ့ နေရာကို ကိုက်ခံရပြီးနောက် ချက်ချင်း ရေ၊ ဆပ်ပြာနဲ့ စင်ကြယ်အောင် ၁၅မိနစ်ခန့်ထိ သေချာဆေးကြောပေးပါ။ နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးရပါမယ်။ ကာကွယ်ဆေးဟာ သာမန်အားဖြင့် ၄ကြိမ် ( ၀-၃-၇-၂၁ ) (ကိုက်ခံရတဲ့နေ့၊ ၃ရက်မြောက်၊ ၇ ရက်မြောက်နဲ့ ၂၁မြောက်) ရက်တွေမှာ ထိုးရပါတယ်။
ဒါပေမဲ့ ကိုယ်ခံအားနည်းတဲ့ (အရေပြားလေးဘက်နာ၊ ကျောက်ကပ်၊ ဆီးချိုသွေးချိုရောဂါ) လူနာတွေမှာတော့ ( ၀-၃-၇-၁၄-၃၀ ) ရက်တွေမှာ စုစုပေါင်း ၅ကြိမ်ထိုးရပါတယ်။ ယခင်က ကာကွယ်ဆေးထိုးပြီးသားလူနာ ခွေးကိုက်ခံရရင်တော့ ၂ကြိမ်သာ ထိုးဖို့လိုပါတယ်။ လတိုင်းထိုးရသလားဆိုရင်တော့ လတိုင်းထိုးစရာမလိုပါဘူးနော်။